ILBSM (International Language & Business School Of Monywa ) တွင် တာဝန်ထမ်းဆောင်ရန် မူကြိုဆရာမ (Trainee Teacher) များအလိုရှိပါသည်။ လျှောက်ထားသူသည်
- ဘွဲ့ရဖြစ်ရမည်။
- အင်္ဂလိပ်စာ အရည်အချင်းစစ် (ရေးဖြေ ၊ နှုတ်ဖြေ ) စာမေးပွဲ ဖြေဆိုရမည်။
- ရွးချယ်ခံရသူသည် မုံရွာမြို့ရှိ ILBSM ကျောင်းများတွင်မူကြိုဆရာမ (Trainee Teacher) အဖြစ် စတင်တာဝန်ထမ်းဆောင် ရပါမည်ဖြစ်ပါသည်။ ILBSM Training မှ ဖွင့်လှစ်မည့် Intensive Training Course ကိုလည်းတက်ရောက်ရပါမည်။
- အစမ်းခန့်ကာလ(၃)လပြည့်လျှင် သက်ဆိုင်ရာ ဆရာ/ဆရာမများ ကျောင်းအုပ်တို့၏ထောက်ခံမှု ရရှိမှ သာ ကျောင်းဆရာမ (Trainee Teacher) အဖြစ်အတည်ပြုခန့်အပ်ပါမည်။ သက်ဆိုင်ရာ သင်တန်း ဆရာ/ ဆရာမများနှင့် သက်ဆိုင်ရာကျောင်းအုပ်များအားလုံး၏ ထောက်ခံမှုမရရှိလျှင် အတည်ပြုခန့်အပ်မည် မဟုတ်ပါ။
- မူကြိုဆရာမ (Trainee Teacher) အဖြစ် လစာကျပ် ၉၀ဝဝဝိ/(ကိုးသောင်းကျပ်) စတင်ခံစားခွင့် ရှိသည်။
- လိုအပ်လျှင် ILBSM ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
စိတ်ပါဝင်စားသူများသည် ILBSM အမှတ် ၁/၆ သာစည်လမ်း၊ ချမ်းမြသာစည်ရပ်ကွက် ၊ မုံရွာမြို့။ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လူကိုယ်တိုင် (သို့မဟုတ်) Email-admin@ilbsm.com မှ တဆင့် လျှေက်လွှာတင်နိုင်ပါသည်။ အသေး စိတ်စုံစမ်းပါ။
လိုအပ်သော စာရွက်စာတမ်းများမှာ-
- ကိုယ်ရေးအကျဉ်း
- ရောင်စုံဓါတ်ပုံ (၂) ပုံ
- ဘွဲ့လက်မှတ်မိတ္တူ
- သန်းခေါင်စာရင်းမိတ္တူ
- ရပ်ကွက်ထောက်ခံစာ
- သင်တန်းအောင်လက်မှတ် မိတ္တူ
- မှတ်ပုံတင်မိတ္တူ
- ရဲစခန်းထောက်ခံစာမိတ္တူ
- အလုပ်သမားမှတ်ပုံတင်မိတ္တူ
- သက်ဆိုင်ရာမှ အလုပ်ထွက်ခွင့်ပြုကြောင်း ထောက်ခံစာ (အစိုးရဝန်ထမ်းဖြစ်လျှင်)
ဆက်သွယ်ရန်
071-26269, 071-24821, 09-257847771
If you want to apply this job. Contact here
ilbsm@gmail.com
Phone -
+95 071-26269